Name ➡ Long Time No See
Duration ➡ 1:19 Hr
Country ➡ Korea
Long Time No See ( မတွေ့ရကြာလေပြီ )
ငယ်ငယ်က အခြောက်ဆိုပြီးသူငယ်ချင်းတွေရဲ့ အနိုင်ကျင့်အနှိမ်ခံရတာကို မုန်းတီးစိတ်နာတဲ့ကောင်လေးတစ်ယောက်ဟာ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့တွေ့ပြီး Flying Dagger ဆိုတဲ့ ထိပ်တန်းကြေးစားလူသတ်သမားတစ်ယောက်ဖြစ်လာပါတယ် ။
Flying Dagger ကို နှိမ်နင်းဖို့ လျှို့ဝှက်လွှတ်ထားတဲ့ Wild Dog ဟာ သူနဲ့နီးစပ်ဖို့ ကြိုးစားရင်း ချစ်သူဖြစ်အောင် သွေးဆောင်ခဲ့ပါတယ် ။
Wild Dog ဟာ အွန်လိုင်းပေါ်မှာ အပိုင်းဆက်ဇာတ်ကြမ်းဝတ္ထုတွေရေးနေတဲ့ Flying Dagger ရဲ့အမာခံပရိတ်သတ်တစ်ဦးပါ ။ အပြင်မှာတွေ့ဆုံဖို့ကြိုးစားခဲ့ပေမယ့် မတွေ့ဖြစ်ခဲ့ကြပါဘူး ။
ချစ်သူတွေဖြစ်သွားပြီးတဲ့နောက်မှာ Wild Dog ဟာ ရည်ရွယ်ချက်တစ်ခုနဲ့ သူ့ကိုချဉ်းကပ်ခဲ့တယ်ဆိုတာ ၊ သူ့ရဲ့ရန်သူတစ်ယောက်ဆိုတာကို Flying Dagger သိသွားတဲ့အခါ ... Wild Dog ကို သတ်ပစ်မိမလား ? ဆက်ချစ်မိမလား .. ?
Wild Dog ကလည်း ကိုယ့်ထောင်ချောက်ကိုပြန်မိပြီး Flying Dagger ကို တကယ်ချစ်မိသွားတဲ့အခါမှာ ..
ဘာတွေဖြစ်ကြမှာလဲ .. ?
Translator & Orginal Uploader ¤¤ Eugenie Aung
Review & Re-upload ¤¤ Gay Drama Bank